Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Thursday, 29 December 2011

ဆောင်းတွင်းကာလမှာ ဖြစ်သည့် ချောင်းဆိုးဝေဒနာ ပျောက်ကင်းရလေအောင်


SNOW

ဆောင်းတွင်းကာလမှာ ဖြစ်သည့် ချောင်းဆိုးဝေဒနာ ပျောက်ကင်းရလေအောင်

အအေးမိဝေဒနာ ခံစားရအပြီး ချောင်းဆိုးတာ မပျောက်ကင်းနိုင် ဖြစ်နေသလား။  ဆောင်းတွင်းကာလမှာ ချောင်းဆိုးတာကြောင့် ဆရာဝန်တွေဆီကို လူနာတွေ အရောက်များတက်ကြပါတယ်။ အမှန်မှာတော့ နာတာရှည် ချောင်းဆိုးတဲ့သူ အများစုဟာ အအေးမိ တုပ်ကွေးကြောင့်ချည်းပဲ မဟုတ်ပါဘူး။ အောက်ပါ အကြောင်းရင်း တစ်ခုခုကြောင့် ချောင်းဆိုးအောင် လှုံ့ဆော်တတ်ပါတယ်။

(၁) လည်ချောင်းတွင်း နှာရည်ကျဆင်းခြင်း

နာတာရှည် ချောင်းဆိုးသူ ထက်ဝက်ခန့်ဟာ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ ဓာတ်မတည့်တာ၊ ဟော်မုန်းများနေတာနဲ့ တချို့ဆေးဝါးတွေရဲ့ ဆိုးကျိုးနဲ့ ဆက်စပ်နေတဲ့ လည်ချောင်းအတွင်း နှာရည်တွေ ကျဆင်းနေတာကြောင့်ပါ။ အဲဒီလိုဖြစ်ရင် လည်ချောင်းယားနေတာ၊ တစ်ခါတစ်ရံ အသံဝင်တာတွေ ဖြစ်တတ်ပါတယ်။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

နေ့စဉ် ကြက်စွပ်ပြုတ်ရည် တစ်ခွက်သောက်ပေးပါ။ ကြက်စွပ်ပြုတ်ရည် သောက်တာကြောင့် မိနစ် ၃၀ အတွင်း သလိပ်တွေ ပျော်ဝင်သွားကာ နှာရည်တွေ လည်ချောင်းတွင်း မရောက်ခင်မှာပဲ ခန္ဓာကိုယ်ပြင်ပသို့ အလွယ်တကူ စွန့်ထုတ်ပစ်နိုင်ပါတယ်။

(၂) အစာအိမ်မှ အက်စစ်လျော့နည်းခြင်း

အသက် ၄၀ ကျော် အမျိုးသမီးတွေမှာ အစာအိမ်မှ အက်စစ်ဓာတ်တွေ အထွက်နည်းတက်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ မကြေညက်တဲ့ အစာတွေဟာ အစာမျိုပြွန်ကို ဆန်တက်ပြီး ရင်ပူကာ လည်ချောင်းယားယံ၊ ချောင်းခြောက်ဆိုးတတ်ပါတယ်။ ဒီလို ချောင်းဆိုးတာမျိုးဟာ ရင်ပူပြီး လေပွတာတွေပါ ဖြစ်တက်ပါတယ်။ ဗိုက်ထဲမှာ အစာမကြေတဲ့ အစားအစာတွေဟာ အူထဲမှာ အချဉ်ပေါက်လို့ပါ။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

ရှာလကာရည် ဇွန်းတစ်ဇွန်းစာကို ရေဖန်ခွက် တစ်ခွက်နဲ့ ရောစပ်ပြီး အစာမစားခင် သောက်ပေးပါ။ အစာအိမ်အတွင်း အက်စစ်ဓာတ် ပုံမှန်ပြန်ဖြစ်နိုင်ပြီး အစာခြေတာ ကောင်းမွန်ကာ ၂၄ နာရီအတွင်း ချောင်းဆိုးတာ ပျောက်ကင်းနိုင်ပါတယ်။

(၃) ဓာတ်မတည့်ခြင်း သို့မဟုတ် ရင်ကျပ်ခြင်း

ရင်ကျပ်ပန်းနာနဲ့ ဓာတ်မတည့်တာ ရှိသူတွေဟာ ဖုန်မှုန့်နဲ့ မော်တော်ကား မီးခိုးမှုန့်တွေနဲ့ ထိတွေ့တာများတာကြောင့် ရောဂါထပြီး ချောင်းဆိုးတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်အပြီးမှာ ချောင်းဆိုးရင် ရင်ကျပ်ပန်းနာကြောင့် ဖြစ်တာပါ။ ဓာတ်မတည့်တာကြောင့် မဟုတ်ပါဘူး။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

Psycnogenol သောက်ပါ။ သဘာဝ ရောင်ရမ်းမှု ပျောက်ဆေးဖြစ်တာကြောင့် ရင်ကျပ်ရှိသူနဲ့ ဓာတ်မတည့်သူတွေမှာ အသက်ရှူလမ်းကြောင်း ပွင့်သွားပြီး အသက်ရှူလို့ ကောင်းနိုင်ပါတယ်။

(၄) သွေးတိုးကျဆေးသောက်ခြင်း

Capoten (captopril) နဲ့ Vasotec (enalepril) လိုမျိုး သွေးတိုးကျစေတဲ့ ACE inhibitor ဆေးတွေကို သောက်သူတွေ ငါးယောက်မှာ တစ်ယောက်နှုန်း ချောင်းဆိုးတက်ပါတယ်။ ငါးလမှ ခြောက်လအထိ ချောင်းဆိုးတတ်ပါတယ်။ လည်ချောင်းနောက်ဘက်မှာ ငှက်မွေးနဲ့ ကလိသလိုမျိုး ယားနေပြီး ချောင်းဆိုးနေတာဟာ အဲဒီဆေးဝါးတွေ သောက်လို့ပါ။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

သံဓာတ်ဖြည့်စွက်ဆေး သောက်ပါ။ နေ့စဉ် သံဓာတ် (Ferrous Sulphate) 250 မီလီဂရမ် သောက်တာကြောင့် သွေးတိုးကျဆေးကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာ ပျောက်ကင်းနိုင်တယ်လို့ သုတေသီတွေ ရှိခဲ့ပါတယ်။

(၅) နားဖာချေးရှိခြင်း (ear wax)

နားဖာချေးရှိတာကြောင့် ချောင်းဆိုးစေတဲ့ အာရုံကြောကို လှုံ့ဆော်နိုင်ပါတယ်။ အေးချမ်းတဲ့ ရာသီဥတုမှာ နားပြွန်အတွင်း လေအေးတွေ ဝင်ရောက်ချိန်မှာ ဖြစ်တက်ပါတယ်။ နားအူတာ၊ နားထဲမှာ ဖိအားရှိနေတာ ဒါမှမဟုတ် ရှင်းရှင်းလင်းလင်း အသံ မကြားရတာတွေပါ ဖြစ်တတ်ပါတယ်။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

နားဖာချေးတွေ ဖယ်ရှားပေးပါ။

ဒေါက်တာ ခင်မိုးမိုး

မြန်မာတို့အတွက် မဲဆောက်တွင် ဆေးရုံဆောက်မည်


မြန်မာအလုပ်သမား ၂ သိန်းခန့် အလုပ် လုပ်ကိုင်နေသည့် ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ အတွက် သီးသန့် ဆေးရုံတခု ဆောက်လုပ်ပေးရန်အတွက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်း ကျန်းမာရေးဝန်ကြီးက ယနေ့ ပြောလိုက်သည်။“မဲဆောက် ဆေးရုံကြီးမှာ လူနာဆောင်တွေ တိုးချဲ့ ဆောက်လုပ်နေပေမယ့် နေရာ လောက်ငှမှု မရှိဘူး။ ဒါကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံက ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့အတွက် သီးသန့် ဆေးရုံ တည်ဆောက်ရေး ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု မဲဆောက်မြို့တွင် ရောက်ရှိနေသော ၀န်ကြီး နိုင်ဝိထယာဗူရန်ဆီရီက ဒေသခံ သတင်းထောက်များကို ပြောသည်။
ဆေးရုံစီမံကိန်းသည် မကြာသေးမီက သမ္မတ ဦးသိန်းစိန် နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လတ်ရှင်နာဝပ်တို့ တွေ့ဆုံအပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မြဲစေမည့် လိုအပ်ချက်အရ ပေါ်ပေါက်လာသော စီမံကိန်း တခု ဖြစ်သည်ဟုလည်း ထိုင်းကျန်းမာရေးဝန်ကြီးက ဖြည့်စွက် ပြောကြားသည်။
မဲဆောက်ဒေသရောက် မြန်မာပြည်သားများသည် ကျန်းမာရေး စောင့်ရှောက်မှု အတွက် အများအားဖြင့် မဲဆောက်ဆေးရုံကြီး နှင့် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းတို့ကို ဆက်သွယ်တတ်ကြသည်။
တရားဝင် အလုပ်သမား မှတ်ပုံတင် ရှိသူများသည် မဲဆောက်ဆေးရုံကြီးတွင် တကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျှင် ထိုင်းဘတ်ငွေ ၃၀ (တဒေါ်လာခန့်) သာ ပေးဆောင်ရမည် ဖြစ်သည်။ ထိုပမာဏသည် ထိုင်းနိုင်ငံသားများ၏ ကျန်းမာရေးအတွက် သတ်မှတ်ထားသော နှုန်းထား ဖြစ်သည်။
သို့သော်လည်း အလုပ်သမား အများစုမှာ တရားဝင် စာရွက်စာတမ်း မရှိပေ။ တရားမ၀င် အလုပ်သမားများ မဲဆောက်ဆေးရုံကြီးတွင် ကုသမှု ခံယူနိုင်ကြသော်လည်း ကျန်းမာရေးအတွက် ငွေကြေး ပိုမို ကုန်ကျမည်ဖြစ်သည်။
မြန်မာပြည်သားများအတွက် သီးသန့်ဆေးရုံတခု ပေါ်ပေါက်လာမည် ဆိုသော သတင်းကို မယ်တော်ဆေးခန်းက ကြိုဆိုလိုက်သည်။
“အလုပ်သမားတွေအတွက် သီးသန့်ဆေးရုံ ရှိမယ် ဆိုရင်တော့ အလုပ်သမားတွေ အတွက် ကောင်းတာပေါ့၊ လက်ရှိအခြေအနေထက် ပိုကောင်းတာပေါ့” ဟု မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က ပြောသည်။
သို့သော်လည်း ထိုဆေးရုံကြောင့် မယ်တော်ဆေးခန်းရှိ ၀န်ထုပ် ၀န်ပိုး လျော့ကျသွားဖွယ်မရှိဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။
“ဆေးရုံ ဆောက်ပေးမှာတော့ ဟုတ်ပါပြီ။ လက်မှတ်ရှိသူ လူနည်းစုတွေကိုပဲ ဈေးသက်သက်သာသာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ် ဆိုရင်တော့ ၀န်ထုပ်ဝန်ပိုး သက်သာလာမယ် မဟုတ်ဘူး။ ဆင်းရဲသူတွေ၊ လက်မှတ် မရှိသူတွေက ဒီဆေးခန်းကိုပဲ လာမှာပဲ” ဟု ဒေါက်တာစင်သီယာမောင်က ဧရာဝတီကို ပြောသည်။
မယ်တော်ဆေးခန်းသို့ ကျန်းမာရေး အခမဲ့ စောင့်ရှောက်မှု လာရောက်ခံယူကြသူ အရေအတွက်မှာ တနှစ်လျှင် ၇ဝ,ဝဝဝ ခန့် ရှိသည်ဟု ဆေးခန်း မှတ်ပုံတင်ဌာန၏ မှတ်တမ်းအရ သိရသည်။
မယ်တော်ဆေးခန်းကို အားကိုးနေသူများထဲတွင် မြန်မာအလုပ်သမားများသာမက မဲဆောက်မြို့ တဘက်ကမ်းရှိ မြ၀တီမြို့တွင် နေထိုင်သူများလည်း ပါဝင်သည်။ မယ်တော်ဆေးခန်းက အကြီးစားခွဲစိတ်မှု လိုအပ်သော လူနာများကို မဲဆောက်ဆေးရုံကြီးသို့ တရားဝင် လွှဲပြောင်းပေးလေ့ရှိသည်။
မဲဆောက်ဆေးရုံကြီးသည် ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိသူများ၊ တိုက်ပွဲတွင် ဒဏ်ရာ အကြီးအကျယ်ရသူများကို လက်ခံကုသပေးသော ဆေးရုံဖြစ်သည်။
ယနေ့ မဲဆောက်ဆေးရုံကြီးတွင် တိုးချဲ့ လူနာဆောင်အသစ် ဖွင့်လှစ်ပွဲ ကျင်းပရာ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
Views: 114

ရန်ကုန်မြို့တွင် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွား (ည ၂နာရီ ၁၀ မိနစ်)29.12.2011


linnzawhtike

ရန်ကုန်မြို့တွင် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွား (ည ၂နာရီ ၁၀ မိနစ်)29.12.2111

  နာရီ ၅၈ မိနစ်တွင် ရန်ကုန်မြို့ အရှေ့ပိုင်း၌ အလွန်ပြင်းထန်သ့် ပေါက်ကွဲသ့် အသံ ကြောင့် အိပ်ပျော်နေသူများ လန့်နိုးလာကြသ်။
ယခုအချိန်ထိ ကြားသိရသ့် သတင်းများမှာ သာကေတ၊ သို့မဟုတ် စက်ဆန်းဘက်ရှိ လောင်စာဆီ သို့မဟုတ် CNG ဆိုင် ပေါက်ကွဲမှုကြောင့်ဖြစ်သ်ဟု ဆိုသ်။ ပုဇွန်တောင်တွင် နေထိုင်သူများက မီးလောင်နေသ့် အလင်းရောင်များ တွေ့မြင်နေရဟု ဆိုသ်။
နောက်ထပ်ရရှိသ့် သတင်းအရ စက်ဆန်း အေဘီစီ မှတ်တိုင်အနီးရှိ ဆားဂိုဒေါင် အတွင်းမှပေါက်ကွဲသ်ဟု သိရသ်။
 ၂ နာရီ ၅၀ မိနစ်

ပုဇွန်တောင် သာကေတ တံတားအဆင်းမှ အေဘီစီ အထိကားလမ်းပိတ်ထားသဖြင့် လမ်းတွင် လူများအပြ့် အေဘီစီပေါက်ကွဲ မီးလောင်ရာသို့ သွားရောက်နေကြသ်။ ဒဏ်ရာရသူများ ဆေးရုံကြီးသို့ သယ်ဆောင်သွား
၂ နာရီ ၅၆ မိနစ် ထပ်မံ သိရှိရချက်

စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ကျွမ်းနေရာမှ စက်ဆန်း သဘောင်္ကျင်း အတွင်းမှ ဂိုဒေါင်များပါ စတင်လောင်ကျွမ်းနေသ်။ လမ်းပေါ်တွင် လူများပစ္စ်းသယ်ဆောင်ကာ ဘေးလွတ်ရာရှောင်ပြေးနေကြသ်ကို တွေ့ရသ်။ ဒဏ်ရာရသူအရေအတွက် မသိရှိရသေးသော်လ်း များပြားသ်ဟုယခုအချိန်ထိ ရရှိသ့် အချက်အလက်များအရ သိရသ
၃နာရီ၀၅မိနစ်
ထပ်မံရရှိသော သတင်းအရ နေရာတွင် ပွဲချင်းပြီး သေဆုံးသူ ၅ ဦးတွေ့ရကြောင်း သိရပြီး အသေအပျောက်နှင့် ဒဏ်ရာရသူစာရင်းကို သက်ဆိုင်ရာက အတည်ပြုချက် မရရှိသေးပေ။ အခင်ဖြစ်ပွားသည့် ကူးတို့ဆိပ်လမ်းအတွင်းသို့လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သည့် အတွက် ၀င်ရောက်ခွင့် တားမြစ်ထားရာ မီးလောင်မှုနေရာနှင့် ပတ်ဝန်းကျင်သို့ အနီးစပ်ဆုံး ၀င်ရောက်ကြည့်ရှုနိုင်ရန် အခက်အခဲရှိနေသည်